ကမမောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကမမောင်း ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးဦးကျကာလအတွင်း ခြင်မှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ကမမောင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များသို့ အိမ်တိုင်ရာရောက် ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခပ်ပေးခြင်းများနှင့် ဖုံး၊ သွန်၊ လဲ-စစ် လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

မိုးတွင်းကာလတွင် ပြည်သူများ ရက်ရှည်အသုံးပြုသည့် ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်း ပေါက်ဖွားမှု မရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို တစ်အိမ်တက်/ဆင်း စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကြောင့် မိုးရာသီကာလအတွင်း ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်စေပြီး ခြင်မှတဆင့် ကူးစက်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနအနေဖြင့် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် ရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် ပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်​​​ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များလဲ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)