(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများပေးအပ်

ပေါက်ခေါင်း ဇူလိုင် ၇

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာနှင့် သမဝါယမအသင်းစုတို့ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဖြန့်ဝေပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ငါးခူအိုင်ကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် ပေါက်ခေါင်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ငါးခူအိုင်ကျေးရွာ (ငွေလမင်းစိုက်/ထွေအခြေခံသမဝါယမအသင်း) ယခုနှစ်မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။ ယင်းပေးအပ်ပွဲသို့ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)