အလုံမြို့နယ်၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ ဇူလိုင် ၇

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  အလုံမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်း ကွင်းဆင်းဆောင်ရွင်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေး ဆရာမကြီး‌ ဒေါ်လှသိန်းယဥ် ဦးဆောင်သော အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပြည်သူ့ ကျန်းမာရေးဌာန (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး)တို့နှင့် ပူးပေါင်း၍ သစ်တော ရပ်ကွက်ရှိ စည်ပင်ကွန်တိန်နာဝင်း၊ စည်ပင်မော်တော်ယဉ်ဝင်းနှင့် ဆင်မင်းရပ်ကွက်ရှိ စည်ပင်ဘောလုံးကွင်းဝင်းသို့ ကွင်းဆင်းပြီး ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်‌‌သည့်  ဆောင်ရွက်၊ ရှောင်ရန်များကို ကျန်းမာ ရေးအသိပညာပေး ဆွေးနွေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကလိုရင်းဆေးဖျန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)