(၁ဝ၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မရမ်းကုန်း မြို့နယ် သမဝါယမအရောင်းဆိုင်များတွင် ဈေးရောင်းပွဲတော်များဆောင်ရွက်

မရမ်းကုန်း  ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာနက (၁၀၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မရမ်းကုန်း မြို့နယ်အတွင်းရှိ သမဝါယမအသင်းများဖြစ်သည့် အရောင်းဆိုင်များ၊ စက်မှုလက်မှုကုန်ထုတ်အသင်းများက ယမန်နေ့နံနက်ပိုင်းတွင် ဈေးရောင်းပွဲတော်များ၊ အာဟာရဒါနများလှူဒါန်းခြင်း၊ ကွန်ကရစ်လမ်း ခင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွပ်ရှိ စိန်နဂါး ကြွေမြေဖန်ထည် စက်မှုကုန်ထုတ်သမဝါယမအသင်းမှ လမ်းခင်းခြင်းလုပ်ငန်းများ‌ဆောင်ရွက်ခြင်း၊ အမှတ် (၂) ရပ်ကွက်ရှိ သဇင်ရောင်းဝယ်ရေးသမအသင်းမှ ကုန်ပစ္စည်းများ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်း၊ အမှတ်(၃)ရပ်ကွက်ရှိ သိန်းကမ္ဘာရောင်းဝယ်ရေးသမအသင်းမှ အဟာရအလှူများ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)