ဒဂုံမြို့နယ်တွင်  မြို့နယ်သန့်ရှင်းသာယာရေး အတွက်ကျန်းမာရေး အသိပညာပေးစာဆောင်များ ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

ဒဂုံ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင်းကျောင်းများ သာယာလှပစေရေးအတွက် ပြည်လမ်းအနောက်ရပ်ကွက် တော်၀င်လမ်း၊ အ.ထ.က(၃)ကျောင်းတွင် ယ‌မန်နေ့နံနက်  ၇ နာရီအချိန်မှစတင်၍ ကျောင်းဝန်းအတွင်း/အပြင်ရှိ အုပ်မိုး‌နေ‌သော အောက်တက်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊မြက်ဖြတ်/နှုတ် ခြင်း၊အမိုးပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေညှိတိုက်ချွတ်ခြင်း၊ ရေမြောင်းရှင်းလင်းခြင်း၊ အမှိုက်လှဲသိမ်းခြင်း၊ အမြင်မတင့်တယ်သည်များ ရှင်းလင်းခြင်း၊ အဘိတ်‌ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ဖုံးသွန်လဲစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ၁၀:၂၁ နာရီတွင် ပြီးစီးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရဲတပ်ဖွဲ၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ပညာရေးဌာန၀န်ထမ်းများ၊ ကျန်းမာရေးဌာန၀န်ထမ်းများ၊ မြို့နယ်စည်ပင်မှ လမ်းတံတား၊ ရေစီးရေလာ၊ရေသန့်၊သန့်ရှင်းရေး ၊ပန်းဥယျာဉ် ၊YCDC မှ ကျန်းမာရေး၀န်ထမ်းများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ  စုစုပေါင်း အင်အား(၁၅၀)ဦးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)