ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး မရမ်းကုန်းမြို့နယ် ပြည်လမ်း(အေဒီလမ်းဆုံ)တွင် လမ်းသားတိုးချဲနေမှုအား ကြည့်ရှုစစ်ဆေး

မရမ်းကုန်း ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း(အေဒီလမ်းဆုံ)တွင် လမ်းသားတိုးချဲ့ခြင်းနှင့် လူသွားစင်္ကြန်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိရာနေရာသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဆက်လက်ပြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၉)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင် သန့်ရှင်းသာယာလှ‌ပရေး ရေမြောင်းအတွင်း အမှိုက်များ၊ သစ်ပင်များ ရှင်းလင်း‌ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါကျောင်းဝန်းအတွင်း သန့်ရှင်းသာယာ‌လှပ‌စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)