လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ ဈေးများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့မဈေး၊ ဇရပ်ကွင်းဈေး၊ ဒါးပိန်စျေး၊ ဖောင်ကြီးစျေး၊ မင်းကုန်းစျေး၊ အင်းတိုင်စျေး၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၊ အ.ထ.က(အင်းတိုင်)၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)