တောင်တွင်းကြီးမြို့နယ် မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တောင်တွင်းကြီး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့မစျေးအကျိုးတော်ဆောင်အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအားဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာများယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များအခမဲ့ဖြန့်ဝေခဲ့ကာ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျော့ချရေးအတွက် အသိပညာပေ(compaign) ပြုလုပ်ခြင်းကို အပါတ်စဥ်တနင်္လာနေ့တိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)