ကျိုင်းတောင်းမြို့၌ မိုးနှမ်းခေါ် နှမ်းလျှင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျိုင်းတောင်း ဇူလိုင် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါ မိုးနှမ်း(ခေါ်)နှမ်းလျှင်စိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျိုင်းတောင်းမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

 အဆိုပါ မိုးနှမ်း (ခေါ်) နှမ်းလျှင်များကို မိုးကြိုစိုက်အဖြစ် (ဖေဖေါ်ဝါရီ-မတ်) လအတွင်း စိုက်ပျိုး၍ မိုးတွင်းစိုက်အဖြစ်(မေ-ဇွန်)လတွင် စိုက်ပျိုးလျက်ရှိရာ ၎င်းအသက်ရက်မှာ (၇၅-၉၀)ရက်ခန့်ရှိကြောင်းနှင့် နှမ်းစတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းပြီးချိန်တွင် စျေးနှုန်းအနေဖြင့်တစ်ခွဲလျှင် ကျပ် ၁၂၀၀၀၀ ကျပ်နှုန်းရရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

 ကျိုင်းတောင်းမြို့အတွင်းရှိ ကျေးရွာများတွင် တောင်သူများမှာ မီုးသီးနှံအဖြစ် စပါး၊ နှမ်း၊ ပြောင်းဖူးစသည့်အပင်များကို အဓိကထား၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)