တွံ​တေးမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်

တွံတေး ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက် ၈ နာရီအချိန်က တွံတေးမြို့ စည်ပင်သာယာစျေးနှင့် လမ်းဘေးဈေးဆိုင်များတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း‌ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲ့တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် တွံတေးမြို့ စည်ပင်သာယာစျေးနှင့် လမ်းဘေးဈေး‌ရောင်းချသူများ ပြည်သူများအား ကွင်းဆင်းပြီး ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရန် ယင်နားစာ၊ မသန့်ရှင်းသော အစားအစာစားသုံးခြင်းကို ရှောင်ကြဉ်ပါ၊ သောက်ရေသန့်(သို့မဟုတ်)ရေကိုကျိုချက်၍ သောက်ပါ၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါ၊ ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသပါဟု၍ လက်ကိုင်Hand speaker ဖြင့်ဟောပြောခြင်း၊ ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင်