ပန်းအလှဆင်နည်းသင်တန်းဆင်းပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဇူလိုင် ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ပန်းအလှဆင်နည်းသင်တန်းဆင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အဖွဲ့များအလိုက် ပန်းအလှဆင်နည်း၊ ပုံဖော်နည်းများကို အကဲဖြတ်အမှတ်ပေးကြပြီး ဆုရရှိကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ဇာဇာထွန်းနှင့် သင်တန်းနည်းပြ ဆရာမဒေါ်ယုဇနခိုင်တို့က ဆုရရှိသည့်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပန်းအလှဆင်နည်းသင်တန်းသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာဇူလိုင်(၃)ရက်မှ (၇)ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး၊ သင်တန်းဆင်းပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

 ဖြိုးသီဟ (ပြန်/ဆက်)