မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုးနဲ ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာဖတ်ရှိန်မြင့်မား‌ရေးကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကျောင်းသား/သူလူငယ်လေးများ လိုက်နာသင့်သည့်အချက်များ၊ ကလေးအလုပ်သမားများခေါင်းပုံဖြတ်ခံရမှု၊ ကလေးငယ်များ သတိထားသင့်သည့် အချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာမှုရှိစေရန်၊ စာဖတ်သူဦးရေ ပိုမိုများပြားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/သူများဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအ‌ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး နံရံကပ်စာစောင်ကို ချိတ်ဆွဲပြသခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)