ခရမ်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်

ခရမ်း ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင်ပြင်းထန် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ခရမ်းမြို့နယ်အတွင်းရှိဈေးများ၊ အ‌ခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးဆိုင်များအား ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း‌ ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရျိသူများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများက ခရမ်းမြို့မဈေးကြီးအတွင်းနှင့် မော်တော်ဆိပ်၊ ကယ်ရီဂိတ်များ၊ လူစည်ကားသည့် နေရာများတွင် ဈေးသည်များ ရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိ‌စေရန်နှင့် ခြင်၊ ယင်များမနားစေရန်၊ လတ်ဆတ်သော အစားအသောက်များသာ ရောင်းချကြရန်၊ သန့်ရှင်းသောရေကိုသောက်သုံးရန်၊ လက်ကိုစနစ်တကျစင်ကြယ်စွာ‌ ဆေးကြောရန်၊ ယင်လုံအိမ်သာသုံးစွဲကြရန်နှင့် သန့်ရှင်းစွာထားရှိရန် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ရှောင်ရန်များ အချက်များကို သိရှိလိုက်နာစေရန်အတွက် လက်ကိုင် hand စပီကာများဖြင့် အသိ‌ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)