ငွေဆောင်မြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ငွေဆောင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်() ရပ်ကွက်၊ မရမ်းကုန်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မိုးရာသီတွင်အဖြစ်များသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဆွေးနွေးပေးခဲ့ကြ သည်။ အဆိုပါဆွေးနွေးပွဲသို့ ဒေသခံပြည်သူအင်အား(၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများထဲမှ ၎င်းတို့သိရှိလိုသည့် ကျန်းမာရေးဗဟုသုတများကိုမေးမြန်းခဲ့ရာ မြို့ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)