ဇလွန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စစ်မှုထမ်း‌ဟောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက မှော်ဘီမြို့နယ် အမှတ်(၄)လမ်းဆုံတွင် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းအောင်နှင့် တပ်ဖွဲ့ဝင်တို့မှ မော်တော်ယာဉ်(၄၅)စီး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၆၀)ဉီးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့​သည်။

လဲချားမြို့တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် သရုပ်ပြလေ့ကျင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် လေ့ကျင့်ဆောင်ရွက်မှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က သရက်ပင်ဆိပ်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်သည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉:၀၀) အချိန်က အ.မ.က(လွန်)သီးကုန်းကျောင်းနှင့် အ.မ.က ရေဝင်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူများကို သစ်ပင်၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော၍ စုပေါင်းသစ်ပင်စိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်သော သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့်ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအားချပြရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to