ငွေဆောင် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင် ရာများမှ ယမန်နေ့နံနက်( ၈း၀၀) နာရီ မှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များနှင့် ကျောင်းမုန့်စျေးတန်းများအား ကျန်းမာရေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငွေဆောင်မြို့၊ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်အတွင်းရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အထက(ငွေဆောင်)ရှိ မုန့်စျေးတန်းနှင့် ငွေဆောင်မြို့မစျေး အတွင်း ရောင်းချနေသော အသုပ်ဆိုင်များတွင် ရောင်းချနေသော အစားအစာများ သန့်ရှင်းမှုရှိစေရေး၊ သက်တမ်း လွန်အစားအစာများ ရောင်းချမှုမရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ အစားအသောက်များ ယင်နားမှုမရှိစေရေးနှင့်ပတ်သက်၍ မြို့ထွေအုပ်၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက် ဦးစီးဌာန၊ မိခင်/ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ရှောင်တခင်ဝင်ရောက် စစ်ဆေး၍ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)