ဟိုပုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟိုပုံး ဇူလိုင် ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ဟိုပုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ/ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်၊ ပြိုင်ပွဲခေါင်းစဉ်များ၊ ခေါင်းစဉ်အလိုက် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် ယခုပြိုင်ပွဲများတွင် မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း (၈) ကျောင်းအပြင်၊ မြို့နှင့်အနီးကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၁၈)‌ ကျောင်းအားဖိတ်ခေါ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ် ဆရာမကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါ  (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဟိုပုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး ဇူလိုင်လ (၁၇) ရက်နေ့တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပုံပြင်ပြော ပြိုင်ပွဲဖြင့်လည်းကောင်း၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲဖြင့်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)