အိမ်မဲ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာဒေါက်တာ စိုးလွင် ၏ “ပွင့်သောပန်းတိုင်းလှစေချင်နှင့် အမျိုးသမီးကျန်းမာရေးပြဿနာ အဖြာဖြာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Women Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ “သိကောင်းစရာသားဆက်ခြားနည်းအဖြာဖြာ”၊ “လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောကဇတ်ခုံပေါ်က အတွေ့အကြုံများ”၊ “မိခင်လောင်းတို့ သိကောင်းစရာအဖြာဖြာ” အစရှိသည့် ခေါင်းစဥ်များဖြင့် အချင်းချင်း အပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းများ၊ Talk Show များ၊ ပြပွဲပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)