မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တပ်မှူး၊ ဗိုလ်ကြီးဟန်ဝင်းဇင်က တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း ဟောပြောသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယပါ မောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်မှူး၊ ဗိုလ်ကြီး ဟန်ဝင်းဇင်နှင့် တပ်ဖွဲ့ဝင်များ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဇော်မင်း