ကံမ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ပျဉ်ထောင်ကျေးရွာအုပ်စုမှ တောင်သူ (၁၀၄) ဦးတို့၏ မိုးစပါးစိုက်ဧက (၂၈၀) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် ငွေကျပ်သိန်းပေါင်း (၂၇၀၀၀) ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၂၃) အုပ်စုမှ တောင်သူ (၂၄၄၄) ဦး၏ မိုးစပါးစိုက်ဧက(၆၆၃၇)ဧက၊ နှမ်းစိုက်ဧက (၆၉၅) ဧကနှင့် ပဲတီစိမ်း စိုက်ဧက (၂၀၁) ဧကတို့အတွက် စုစုပေါင်းငွေကျပ် (၁၀၈၅၁.၅၀) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)