ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံ စေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ နေကြာစိုက်ဧက ၉၃၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၃၄၂ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းကို ၉၃၀ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၄၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၉၃၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေက နေကြာသီးနှံစိုက်ပျိုးခြင်းကို သတ်မှတ်လျာထားဧက ပြည့်မီစေရန်အတွက် ဇွန်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၄၂ ဧက စိုက်ပျိုး ပြီးစီးသွားပြီ ဖြစ်ပါတယ်။ နေကြာသီးနှံ အပါအဝင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ ၊ နှမ်း စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအမျိုးအစားအလိုက် တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိစေဖို့အတွက် စိုက်နည်းစနစ် မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ သွင်းအားစုပစ္စည်း စနစ်တကျ သုံးစွဲနည်းတွေကို အလေးထားဆောင်ရွက်ကြဖို့ တောင်သူတွေကို ကွင်းဆင်းပညာပေး ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် နေကြာသီးနှံ ၉၃၀ ဧက ၊ မြေပဲသီးနှံ ၁၆၆၁ ဧက ၊ နှမ်း ၁၃၃၉၅ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးမှုအနေဖြင့် နေကြာ ၃၄၂ ဧက ၊ မြေပဲ ၆၉၅ ဧက ၊ နှမ်း ၁၄၀၉၂ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၁၂၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )