မက်မန်းမြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ

မက်မန်း ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် အလယ်တန်းအဆင့် ကျောင်း သား၊ ‌ကျောင်းသူ(၁၂)ဦး၊စုစုပေါင်းပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးတို့က“ကမ္ဘာတည်သရွေ့ အာဇာနည်နေ့တို့မမေ့”၊  “(၁၉)ဇူလိုင် မမေ့နိုင်” စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)