ဥတ္တရသီရိ ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ (၃၈) ဖြာမင်္ဂလာတရားတော်ကို အခြေခံ၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တက်ရှိန်းကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဥတ္တရသီရိမြို့နယ် သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သွယ်သွယ်ခိုင်က (၃၈) ဖြာမင်္ဂလာတရားတော်ကိုအခြေခံ၍ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ပြီး သိရှိနားလည်သည်ကို မေးမြန်းကာ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)