ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အာမခံအလုပ်သမားဦးအောင်ဝင်း၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများအား (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီက ခရိုက်သစ် (အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အ.ထ.က(၁) ညောင်ရွှေ၌ ဗိုဗီနမ်အားကစားနည်း သရုပ်ပြတင်ဆက်

ကျောင်းသား၊ ကျောင်းသူလေးများ ဗိုဗီနမ်အားကစားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ထူးချွန်ထက်မြတ်သည့် အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်နှင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ဗိုဗီနမ်အားကစားနည်း သရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စုဝေးကွင်း၌ ပြုလုပ်ခဲ့သည်။

ကွမ်းသီးအရည်သောက်(ခေါ်)ကွမ်းသီးအနုဈေးကွက်ကြောင့် လာမည့်နှစ်ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင် ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သောကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ကွမ်းသီးအနုစျေးကွက်မှာ ဆယ်စုနှစ်တစ်ခုခန့်ကမှ စတင်ရောက်ရှိပြီ ဖြစ်သော်လည်း ရေဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ်တွင်မှ အရောင်းအဝယ်ဖြစ်လာသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁)တွင် (၇၇)နှစ်မြောက်အာဇာနည်နေ့ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ အမှတ်(၆)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁)အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကွင်းသုံးဆင့်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကွင်းသုံးဆင့်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာ ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည်ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတက်စေရန်၊ လူငယ်များမှနားထောင်ပြီး အသိပညာဗဟုသုတများစွာရရှိပြီး အပြန် အလှန် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မီးနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် စျေးများအတွင်းအဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၆၄)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်‌ကြောင်းသိရသည်။

ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ လဲကျနေသည့် မန်ကျည်းပင်အား ရှင်းလင်းဖယ်ရှား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၂)ယွန်းတန်းရပ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုနှင့်အတူ မြေသားခိုင်မာမှုမရှိခြင်းပဲ မန်ကျည်းပင်လဲကျနေခြင်းကြောင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများက သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်း ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ဓမ္မလင်္ကါရဘုန်းကြီးကျောင်းရှိ တန်းဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to