ချောင်းဆုံ ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများအား (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီက ခရိုက်သစ် (အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန (ဒု-ဦးစီးမှူး) ဒေါ်ဝင်းဝင်းချောက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကလေးစစ်သားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)