သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့မနက်(၁၀)နာရီက အ.မ.က(မူလွန်)ရေကျော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလု်ပခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အ.လ.က (၁) လွိုင်လင်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အ.လ.က(၁) ကျောင်းတွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပါသည်။

မြစ်ရေဝင်ဒေသရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းကစတင်၍ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ် ရေမြင့်တက်လာမှုကြောင့် ရေများဝင်ရောက်နေသည့် လိပ်ဆံခွန်ကျေးရွာအုပ်စု၊ ဘနောကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများမှာ ရေလွတ်သည့် မိမိတို့၏ နီးစပ်ရာဆွေမျိုးထံသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

သဲကုန်းမြို့နယ်(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယ​နေ့နံနက်(၉)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၅) မြို့နယ်အမျိုးသမီးအသက်(၂၀)အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၅) မြို့နယ် အမျိုးသမီးအသက်(၂၀)အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်ကျေးရွာတွင် ကျန်းမာရေးရက်သတ္တပတ်စစ်ဆေးခြင်းနှင့်  အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများကျန်းမာရေး ကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းစွာသင်ယူနိုင်စေရန်၊ အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်အတွက် ကျောင်းကျန်းမာရေးရက်သတ္တပတ်စစ်ဆေးခြင်းနှင့်အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်ကျောင်းခန်းမ၌  ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကန့်ဘလူမြို့၌ အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ ကန့်ဘလူ ဇူလိုင် ၁၀ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ‌ရောင်းချမှုရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to