အုတ်တွင်းမြို့နယ် အခြေခံပညာမူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နေ့ထူးနေ့မြတ်သမိုင်းအကြောင်းအရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာမူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် လိုက်လံကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့တွင်းပြေးဆွဲနေသာ YBS ယာဉ်လိုင်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့် အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က(တောင်ရွာ)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး မြောင်းမြအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မြောင်းမြခရိုင်တရားသူကြီး ဒေါ်ခင်ဝင်းလှိုင်၊ လပွတ္တာခရိုင် တရားသူကြီး ဦးကျော်စိုးမိုးတို့နှင့်အတူ မြောင်းမြအကျဉ်းအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌  ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် အ.ထ.ကရှားခဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ 

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က ရှားခဲကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြေညီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရွှေပြည်ရန်နိုင်)တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တွင် ကျင်းပသည်။

တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to