ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ လဲကျနေသည့် မန်ကျည်းပင်အား ရှင်းလင်းဖယ်ရှား

ညောင်ဦး  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၂)ယွန်းတန်းရပ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုနှင့်အတူ မြေသားခိုင်မာမှုမရှိခြင်းပဲ မန်ကျည်းပင်လဲကျနေခြင်းကြောင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများက သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။

အဆိုပါမန်ကျည်းပင်သည် ဇူလိုင် ၁၁ ရက် နံနက် ၃ နာရီခွဲအချိန်ကလဲကျခဲ့ခြင်းဖြစ်ပြီး ပင်စည်လုံးပတ်(၁၂)ပေခန့်၊ အမြင့်ပေ(၁၅၀)ခန့်ရှိပြီး နှစ်သက်တမ်း(၁၂၀)ခန့် မန်ကျည်းပင်သည် ဧရာတီမြစ်ရေဝင်ရောက်မှုကြောင့် မြေသာခိုင်မာမှုမရှိပဲ အမှတ်(၂)၊ ယွန်းတန်းရပ်နေ ဦးတင်အောင်မိုးပိုင်ဆိုင်သော (၂၀)ပေ၊ (၁၂)ပေ သွပ်ပြားကာ ကားဂိုထောင်နှင့်အုတ်ရေလှောင် ကန်ပေါ်လဲကျနေခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ လဲကျနေသည့် မန်ကျည်းပင်အား ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်လင်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်(၇)ဦး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့မှ (၇) ဦး၊ လူမှုကူညီရေးယာဉ်(၁)စီး၊ ဝံသာနုရက္ခိတပရဟိတအသင်းမှ(၆)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် မန်ကျည်းပင်အားရှင်းလင်းခဲ့ကြောင်းသိရပြီး မန်ကျည်းပင်လဲကျမှုကြောင့် ကားဂိုထောင် သွပ်မိုး(၈)ပေချပ် (၁၆)ချပ်၊ဒိုင်းမျှား(၈)ချောင်းခန့်ပျက်စီးခဲ့ကြောင်း အခြားလူနှင့် တိရစ္ဆာန်ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ဒီပါလင်း