ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အင်တိုင်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် သတင်းရေးသားနည်းသင်တန်း(၂/၂၀၂၄) ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း(၂/၂၀၂၄)ကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်း စကားပြောပြိုင်ပွဲကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် ၉ နာရီက အမှတ်(၃၆) အခြေခံပညာအထက်တန်းကျောင်းဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရာက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်အတွက် မြေပြင်ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ‌ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ကတ္တလူကျေးရွာသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဟင်္သာတမြို့ကမ်းပြို ဘေးဒဏ်ခံစားနေရသောနေရာများ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စုသို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိ၍ အိပ်ပျက်ကျေးရွာအုပ်စုရှိ တာငုတ်၊ ငှက်ပျောတော၊ အုန်းတော၊ ဖောင်ဆိပ် ကျေးရွာများရှိ ကျေးရွာနေပြည်သူများမှ နေအိမ်များ ရေဘေးလွတ်ရာ သတ်မှတ်ထားသည့် ကိုင်းချောင်းကျေးရွာအုပ်စုရှိ လယ်မြေဧရိယာ(၁၉)ဧကနှင့် ပျဥ်းမချောင်းရပ်ကွက်ရှိ လယ်မြေ ဧရိယာ(၆.၅)ဧကများသို့ ပြောင်းရွှေ့ထားရှိမှု အခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခြင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဆောင်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးမှာကြားခြင်း၊ ဖောင်ဆိပ်ကျေးရွာရှိ မြစ်ကမ်းပါးပြိုကျသည့်မြေပြင်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၂) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားကြောင်း စလင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့်  စာရေးဆရာ ရန်ကုန်ဘဆွေ၏ ‌‌"သေသော်မှတည့် ဪကောင်း၏ "စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to