မော်လမြိုင်ကျွန်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိန်ကျေးရွာအုပ်စု၊ ဓမ္မလင်္ကါရဘုန်းကြီးကျောင်းရှိ တန်းဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များက နိုင်ငံသားတစ်ဦးအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသင့်ကြောင်းစသည့် အကြောင်းအရာများ ပြောကြား၍ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစောဝဏ္ဏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများက ရေလိန်ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထားခြင်း မရှိသူများအားလည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၆) ပုံစံ မရှိသူသေးသူများအားလည်းကောင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ချင်းအပြီး (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)