ကံမ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အဆိုပါနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အမှတ် (၁) ရပ်ကွက်၌ ရေဘေးရှောင်အိမ်ထောင်စု (၁၉) စု၊လူဦးရေ(၈၁)ဦး၊ အမှတ်(၂)ရပ်ကွက်၌ ရေဘေးရှောင်အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၁၆၀) ဦးနှင့် အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၀) ဦးတို့ဖြစ်ပြီး စုစုပေါင်းအိမ်ထောင်စု(၆၉)စု၊ စုစုပေါင်းလူဦးရေ(၂၅၁)ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ လူတစ်ဦးလျှင် (၂၁၀ဝ) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၂၇၁၀ဝ) အား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)