ပွင့်ဖြူ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်းကမ်းဘေးတစ်လျှောက်ရှိ သီးနှံစိုက်ခင်းအချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါရေဝင်ရောက်မှုကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု မရှိသေးကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သီးနှံစိုက်ခင်းအချို့ ရေဝင်ရောက်သည့်နေရာများမှာ သရက်တောကျေးရွာတွင် နွေစပါးစိုက်ခင်း ၂၉၆ ဧက ၊ နွေနှမ်းစိုက်ခင်း ၁၁၀ ဧက ၊ ပဲတီစိမ်းစိုက်ခင်း ၂၂၄ ဧက ၊ ညောင်ခြုံကျေးရွာတွင် နွေစပါးစိုက်ခင်း ၁၈၆ ဧက ၊ နွေနှမ်း ၁၁၂ ဧက ၊ ပဲတီစိမ်းစိုက်ခင်း ၃၂၁ ဧက ၊ ကန်ပြည့်ကျေးရွာတွင် နွေစပါးစိုက်ခင်း ၁၇၀ ဧက ၊ သံကိုင်းကျေးရွာတွင် နွေစပါးစိုက်ခင်း ၅ ဧက ၊ ပေါက်ကုန်းကျေးရွာတွင် နွေစပါးစိုက်ခင်း ၅၀ ဧက ၊ အရှေ့လေးအိမ် ကျေးရွာတွင် နွေစပါးစိုက်ခင်း ၁၂၀ ဧက ၊ ကုန်းဇောင်းကျေးရွာတွင် နွေစပါးစိုက်ခင်း ၅၀ ဧက ၊ ဆည်မုန်းကျေးရွာတွင် နွေနှမ်းစိုက်ခင်း ၁၅ ဧက တို့ ရေဝင်ရောက်မှုရှိခဲ့ပြီး စုစုပေါင်း နွေစပါး ၈၇၇ ဧက ၊ နွေနှမ်း ၂၃၇ ဧက ၊ ပဲတီစိမ်း ၅၄၅ ဧက မြစ်ရေ ဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ သီးနှံစိုက်ခင်းများအတွင်း မြစ်ရေများ ဝင်ရောက်သော်လည်း ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိသေးကြောင်းနှင့် ဒေသခံတောင်သူများက နွေစပါးနှင့် နွေနှမ်းစိုက်ခင်းများကို သယ်ယူရိတ်သိမ်းခြွေ့လှေ့ခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )