မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မြို့သစ် ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိစေရန်အတွက် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ (Grade – 5) ကျောင်းသားကျောင်းသူ (၂၀) ဦးက ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးစပ်သီကုံးသည့် “လွမ်းဓိဌာန်” ကဗျာဖြင့် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူကျောင်းသား ကျောင်းသူများအား ၂၀၂၅ခုနှစ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)