မော်လိုက်မြို့၌ ရေဘေးဒုက္ခသည်စခန်းများသို့ စာသောက်ကုန်ပစ္စည်းများနှင့် Family Kit များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေလျှံတက်မှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည် များကို စာသောက်ကုန်ပစ္စည်းများနှင့် Family Kitများ ထောက်ပံ့ပေးခြင်းကို ဇူလှိုင်လ ၁၀ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်၊၊

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ပြီး ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအတွင်း သန့်ရှင်းရေးဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံဝင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ခုတင်(၅၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်မြထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပုသိမ်မြို့တွင် (၂၅)ကြိမ်‌မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကဗျာလွတ်အကပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၅) ကြိမ်‌မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ကဗျာလွတ်အက မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြေစိုက်ပိုစတာစိုက်ထူပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး (၁၀ပေ-၆ပေ)မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီအချိန်က လူအသွားအလာများသည့် တနင်္သာရီတံတားအနီးနေရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။

ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၇) နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်၍ ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ ပုလောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌

‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ကျွန်းစုမြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် က‌ဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ​မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌  ပေးအပ်သည်။
Subscribe to