ခိုလမ်မြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့တွင်သစ်‌တောဦးစီး‌ဌာနမှ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း (ခိုလမ်) တွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် လွိုင်လင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦး​အောင်ဇော်မျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သစ်တောသစ်ပင်များ၏ ကောင်းကျိုးများအကြောင်းကို အသိပညာ‌ပေးပြောကြားပေးခဲ့သည်။

ဆက်လက်၍ လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးမောင်မျိုးမှ ရာသီဥတု​ပြောင်းလဲမှု လျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ သစ်တောနှင့်ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တောများက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ‌အကြောင်းကို အသိပညာပေး‌ဟောပြောကာ ကျောင်းသား/သူများမှ သိရှိလိုသောအကြောင်းအရာများကို ပြန်လည်ရှင်းပြပြီး သစ်တောမှရရှိသော အကျိုးကျေးဇူးများကို ဗီဒီယိုမှတ်တမ်းဖြင့် ပြသခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၉၀) စုစုပေါင်း (၃၀၀) ဦးတို့မှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် သစ်တောဦးစီးဌာနဝန်ထမ်းများမှ ကျောင်းဝင်းအတွင်း ကျွန်းပင် (၁၀၀) ပင်ကို ဆရာ၊ ဆရာမများ၊ကျောင်းသား/ သူများနှင့် အတူတကွစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခိုလမ် (ပြန်/ဆက်)