သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် နှစ်စဉ်ကျင်းပမြဲ ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပမည်

မြန်မာသက္ကရာဇ်၊ ၁၃၈၆-ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ခင်းကျင်းပြသဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများရှိကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၁၉ ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြောင်း သိကောင်းစရာများကို မှတ်သားနိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက်ဒေသန္တရဆေးခန်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ယနေ့နံနက်က ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆု​ချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် မြို့နယ်အဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ခရိုင်အဆင့် ကဗျာလွတ်အကပြိုင်ပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် ကဗျာလွတ်အကပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)ရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်

ယခုကာလသည် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ အဖြစ်များသော မိုးရာသီကာလဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၊ အထက (ပင) တွင် ဥပဒေရေးရာနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာဟော​ပြောခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အထက(ပင)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to