သင်္ဃန်းကျွန်းမြို့နယ်တွင် ခရိုင်အဆင့် ကဗျာလွတ်အကပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၇

အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခရိုင်အဆင့် ကဗျာလွတ်အကပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ)ရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနိုင်က ကဗျာလွတ်အကပြိုင်ပွဲဝင်များအား အမှတ်ပေးစည်းမျဉ်းများပြောကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူး ဒေါ်ခင်အေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် အမေ့အိမ်ကိုယ်ပိုင်‌ကျောင်း၊ တာမွေမြို့နယ် အမက(၇)၊ တောင်ဥက္ကလာပမြို့နယ် အထက(၂)နှင့် ရန်ကင်းမြို့နယ်‌ လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကင်းလေ့ကျင့်ရေးအ‌လယ်တန်းကျောင်းအဖွဲ့မှ တိုင်းအဆင့် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)