မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့ ရေဘေးရှောင်စခန်းများသို့ သောက်သုံးရေ ဂါလံ ၁၄၀၀၀ ကျော် ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများသို့ သောက်သုံးရေ ၁၄၈၀၀ ဂါလံအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

ကြံခင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ) မြောင်ကြီးကျောင်းတွင် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ မြောင်ကြီးရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) မြောင်ကြီးကျောင်း ခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အလေးထားတတ် စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ “(၇၇)နှစ်မြောက် အာဇာနည်နေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်(မကွေး)တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”လူငယ်စကားဝိုင်းသို့ တက်ရောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်(မကွေး)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကွန်ပျူတာတက္ကသိုလ်(မကွေး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဆန်များဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက နတ်ကြီးချောင်‌ဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေ(၃)နာရီခွဲအချိန်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား  ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနား ကျင်းပဆောင်ရွက်သည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ရွှေမြို့ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းရှိ နှင်းဆီအဆောင်တွင် ကျင်းပခဲ့သည်။

လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၏ ချယ်ရီခန်းမ၌ ကျင်းပသည်။
Subscribe to