သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများနှင့် အမြန်ဆုံးတုံ့ပြန်ကူညီနိုင်ရေး လုပ်ငန်းအဆင့်ဆင့် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ခရိုင်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ငဖဲမြို့နယ် နယ်ဇောကျေးရွာ (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက နယ်ဇောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိစာသောက်ဆိုင်များ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

တံတားမြို့ သုံး‌လောကထွဋ်‌ခေါင်မာရ်‌အောင်ရတနာဘုရားကြီး‌ကျောင်းတိုက်တွင် ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သုံး‌လောကထွဋ်‌ခေါင်မာရ်‌အောင်ရတနာဘုရားကြီး‌ကျောင်းတိုက်သို့ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ‌ ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က (မူလွန်)ကြေးနန်းဝင်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့အ.မ.က(၁၁)၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်တိုင်း​ဒေသကြီး​၊ ရွှေဘိုမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က(၁၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာယအလှမယ်ပြိုင်ပွဲနှင့် ဂီတပဒေသာပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကာယအလှမယ်ပြိုင်ပွဲနှင့် ဂီတပဒေသာပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ပေါင်းတည်မြို့နယ်သို့ ပြည်မြို့ ပြည်သူ့ဆေးရုံမှ နယ်လှည့်အထူးကုအဖွဲ့ လာရောက်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်သို့ ယနေ့ နံနက် ၈ နာရီက ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံ နယ်လှည့်အထူးကုအဖွဲ့မှ လာရောက်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြသည်။

သာယာဝတီခရိုင်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ် ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။

ကျောက်ဆည်တက္ကသိုလ်၌  ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာအနီးရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သတ္တဗေဒဌာနမှ ကြီးမှူးကျင်းပသော ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့ နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ THEATRE  ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to