သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် နှစ်စဉ်ကျင်းပမြဲ ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပမည်

ပုဇွန်တောင် ဇူလိုင် ၁၇

မြန်မာသက္ကရာဇ်၁၃၈-ခုနှစ်ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကိုရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦး ဟောကြားသည့်နေ့တစ်နေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး နံနက် နာရီတွင် ရင်ပြင်တော်တွင်းက သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူပြီးနောက် နံနက် နာရီတွင် သီလပေးတရားတော်နာခြင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် အလုပ်ပေးတရားများကို ဟောဖော်ညွှန်ပြ ဆိုဆုံးမမည်ဖြစ်ပြီး နေ့လယ် နာရီအချိန်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲအား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ဘုရားဖူးလာရောက်သူ အလှူရှင်များအနေဖြင့် မည်သူမဆို လာရောက်ကုသိုလ်ယူ ဝါဆိုသင်္ကန်း ကပ်လှူနိုင်ပါကြောင်းနှင့် ဝါတွင်းကာလအတွင်း မနက် သီလပေးတရားပွဲ၊ နေ့လယ် အလုပ်ပေးတရားပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ထားကြောင်း သိရသည်။

ဟန်စုယဉ်