ကျိုက်ထိုမြို့နယ်၌ စားအုန်းဆီတစ်ပိဿာ (၆၀၆၀)ကျပ်နှုန်းဖြင့် ပြည်သူများထံ ရောင်းချပေး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့နံနက်ပိုင်းက ကံ့ကော်ရပ်ကွက် အောင်ချမ်းသာ(၄)လမ်းထိပ်၌ ရောင်းချပေးခဲ့သည်။