ဖျာပုံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးနှင့်ကျောင်းသား၊ ကျောင်းသူများကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ အချိန်က အ.မ.က ဖိုရွာကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်း အခြေခံပညာမူလွန်ကျောင်းနှင့် လက်ခုတ်တန်းအခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

လဟယ်မြို့တွင် စာဖတ်ရှိန်‌မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စာပေဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူငယ်လူရွယ်များ စာပေဗဟုသုတိုးပွားပြီး သုတ/ရသစာအုပ်စာပေများ ဖတ်မှတ်လေ့လာသော အကျင့်ကောင်းများ ရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စာပေ‌ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လဟယ်မြို့ အထက်တန်း ကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မင်းလှမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်​များ စိုက်ပျိုးထားရှိရန် Treeguardများ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး " ဥတုရာသီ တောကိုမှီ "ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှုအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ရန် နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးရန်အတွက် Treeguard များ ကာရံခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင် ယနေ့မွန်းတည့်ချိန် ၁၂ နာရီတွင် တောင်သူများထံ ပေးအပ်ကြောင်း သိရသည်။

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ "ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း "အသိပညာပေး Talk Show ပြုလုပ်

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)၌ "ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း "အသိပညာပေး Talk Show ပြုလုပ် ချောင်းသာ ဇူလိုင် ၁၇ ကျော်ကျော်(ပြန်/ဆက်)

ဟိုင်းကြီးကျွန်းမြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်းမြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဟိုင်းကြီးကျွန်း ဇူလိုင် ၁၇ လှိုင်မျိုးအောင် ဟိုင်းကြီးကျွန်း (ပြန်/ဆက်)
Subscribe to