မိုင်းပန် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလွမ်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းဖတ်ကြားရှင်းလင်းတင်ပြပြီး အသင်းဥက္ကဋ္ဌမှအသင်းသားများ၏ သဘောထားများရယူ၍ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းများကို အတည်ပြုခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် အသင်းသားများမှ နားမလည်သည်များမေးမြန်းခဲ့ရာ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိတို့က ပြန်လည်ဖြေကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေပေါ်အတိုးနှင့် အစုရှယ်ယာပေါ်အမြတ်များကို အသင်းသားကိုယ်စားလှယ် ဌာနအကြီးအကဲများထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)