တပ်ကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး သုတရသစာအုပ်များလှူဒါန်းခြင်းကို ယမန်နေ့မွန်း လွဲ ၃နာရီက အဆိုပါဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစာအုပ်လှူဒါန်းမှုတွင် တပ်ကုန်းမြို့နယ် ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင်ခိုင်က သုတရသစာအုပ်များ လှူဒါန်းရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင် ဒေါ်အေးအေးမိုးနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက် မှူးများနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ယူဆောင်ရွက်ပေးသည့် စာကြည့်တိုက်မှူး များအား သုတရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်