တမူး၊ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တမူးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးနှင့် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးကျော်သူတို့က သစ်တောသစ်ပင်တို့သည် လူသားတို့အတွက် အစားအစာ၊ နေအိမ်၊ လောင်စာ၊ ဆေးဝါးစသည်များ ရရှိစေသည်သာမက သန့်စင်သော အောက်စီဂျင် ဓာတ်ငွေ့ရရှိစေခြင်း ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်း လူသားတို့အတွက် အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျသဖြင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် သစ်ပင်များစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးသည့် သစ်ပင်များအား ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းကြရန်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပါဝင်လာခြင်းအားဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ကာ ပြည်သူလူထုမှစဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်းတို့ကြောင့် သစ်တောပြုန်းတီးမှု လျော့နည်းကာသစ်တောဧရိယာတိုးပွားလာ၍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်အကျိုးသက်ရောက်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဦးမိုးကျော်သူတို့က သစ်တောသစ်ပင်တို့သည် လူသားတို့အတွက် အစားအစာ၊ နေအိမ်၊ လောင်စာ၊ ဆေးဝါးစသည်များ ရရှိစေသည်သာမကသန့်စင်သော အောက်စီဂျင် ဓာတ်ငွေ့ရရှိစေခြင်း ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်း လူသားတို့အတွက် အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျသဖြင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် သစ်ပင်များစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးသည့် သစ်ပင်များအား ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းကြရန်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပါဝင်လာခြင်းအားဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ကာ ပြည်သူလူထုမှ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ခြင်းတို့ကြောင့် သစ်တောပြုန်းတီးမှု လျော့နည်းကာ သစ်တောဧရိယာတိုးပွားလာ၍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် အကျိုးသက်ရောက်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများမှ ကျောင်းဝန်းအတွင်း အရိပ်ရပင်များ၊ ပန်းအလှပင်နှင့် ရတနာတန်းဝင်သစ်ပင်များကို လက်တွေ့ပြသစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရတနာ