ဝေါ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မိုးသည်ထန်းစွာရွာသွန်းသောကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့က မိုးယွန်းကြီး အင်းတာဘောင်ကြံ့ခိုင်မှုရှိစေရေးအတွက် ဘေးဘောင်ရေရိုက်ခတ်၍ ပြိုကျသည့်နေရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ဦးစီးအရာရှိဦးသန့်ဇင်အောင်က မိုးယွန်းကြီးအင်းအတွင်း ရေသိုလှောင်ထားမှုနှင့် တာဘောင်ပြုပြင်ထိန်းသိမ်းနေမှုများအား ရှင်းလင်းတင်ပြပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုနှင့်တာဝန်ရှိသူများက ကြည့်ရှု၍လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးမှုများပြုလုပ်ပေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)