ကျောင်းကုန်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ယနေ့မှစ၍ စာသင်ကျောင်း (၄၇) ကျောင်း ခေတ္တပိတ် ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ယနေ့ ဒါးကမြစ်ရေသည် (၁၉) ပေသို့ ရောက်ရှိနေပြီး၊ အန္တရာယ်ရေအမှတ် (၂၀) ပေသို့ရောက်ရန် (၁) ပေသာလိုတော့သည်။
ကျောင်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က (၃၂) ကျောင်း၊ မူလွန် (၅) ကျောင်း၊ အ.လ.က (၃) ကျောင်း၊ အ.ထ.က(ခွဲ) (၃) ကျောင်းနှင့်အ.ထ.က (၄) ကျောင်း၊ စုစုပေါင်း (၄၇) ကျောင်းတို့ ခေတ္တယာယီပိတ်ထားရပြီး၊ ရေဘေးရှောင်သည့်အနေဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ School Cum Shelter Animal Shetter ၊ လျှော်ဂိုဒေါင်၊ ကန်ဘောင် စသည့်နေရာ (၁၃) ခုတို့၌ ပြောင်းရွှေ့နေကြကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)