မြန်အောင် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)၊ (၂)ရပ်ကွက်များနှင့် မြို့မတဲကြီးကုန်းကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၅၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီ တစ်ပိသာ(၆၀၃၀)ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၂၅) ကျပ်သား ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီဆောင် ရွက်ပေးခဲ့ကြသည်။
ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကို ဆီကိုယ်စားလှယ်(၆)ဦးတို့မှ သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)