ကျုံပျော်မြို့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒါးကချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက တာဝန်ရှိသူများက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံ သုတေသနဆိုင်ရာ ရလဒ်များ ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ယမန်နေ့ နံနက် (၉)နာရီက ဝါသီးနှံ သုတေသနဆိုင်ရာ ရလဒ်များအကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညို - မင်းလှသွားကားလမ်းမကြီး ရေတိုက်စားမှုမရှိစေရေး ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအကြားရှိ မိုးညို - မင်းလှသွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၁/၃ နှင့် ၁၁/၄ အကြားရှိ ကားလမ်းရေတိုက်စားမှုမရှိစေရေးအတွက် ရေကာရိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  စပါးသီးနှံကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်း၊ ကျွန်းမြေများတွင် ကာလတို၊ ကာလရှည် သီးပင်စားပင်များနှင့် ရာသီပေါ်သီးနှံများ  စိုက်ပျိုးကြကြောင်း သိရှိရပြီး  ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအနဖြင့် မိသားစု အပိုဝင်ငွေ ရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြောင်းရွှေ့နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေလျှံတက်မှုကြောင့် မြစ်ကမ်းနားအနီးနေအိမ်များ၊ အနိမ်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ မြစ်ရေများ ဇူလိူင်လ ၂၈ ရက်နေ့က စတင်ဝင်ရောက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အဆိုပါရပ်ကွက်နေပြည်သူများ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့ နေ့လယ်က အောင်သုခရပ်ကွက်ရှိ Cyclone Shulter အတွင်း ကြိုတင်ပြင်ဆင်မှုများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်‌ရေကြီးမြင့်မှုကြောင့် မြစ်ကမ်းပါး ပြင်ဆင်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ရေထိန်းတံခါး၊ ကမ်းထိန်းနံရံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၌ ပြီးခဲ့သည့် ဇွန်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးဖြစ်စဉ်ကြောင့် ထိခိုက်ပျက်ဆီးမှုများ ကနဦးစစ်တမ်းကောက်ယူခြင်းနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေးဟောပြောပွဲနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ဖွဲ့စည်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေးဟောပြောပွဲနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သော ပြည်သူများအား ကြည့်ရှုအားပေး

ကယားပြည်နယ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား ရှင်းလင်းလျက်ရှိရာ ယခုအခါ လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ‌ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက် အခြေချနေထိုင်လျက် ရှိပါသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေးဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူမျာားအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်၊ တာ‌ဘောင်များအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြိုနယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရသည်။

မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်နှင့် နန္ဒဝန်မူကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ထောက်ပံ့မှုဖြင့် တိုင်းဒေသကြီး မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မုံရွာမြို့ နန္ဒဝန် ဝန်ထမ်းအိမ်ရာရှိ အရာထမ်း၊အမှုထမ်း ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး နန္ဒဝန်ဝန်ထမ်းအိမ်ရာ မြတ်စေတနာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to