မအူပင်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

မအူပင် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် ဦးသိန်းမောင်ကုန်ခြောက်ဆိုင်၊ ကြာပေါ့ကုန်ခြောက်ဆိုင်နှင့် မွန်းလိုက်ကုန်ခြောက်ဆိုင်များမှ စားအုန်းဆီ(၁)ပိဿာလျှင် (၅၉၀၀/-)ကျပ်နှုန်းဖြင့် ပိဿာချိန် (၉၉၀)ပိဿာအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)